အသားအရေအတွက် လီမွန်၏အာနိသင်
24-Feb-2017
၁။ Lemon Juice ကို သကြားအနည်းငယ်နဲ့ရောပြီး မျက်နှာပြင်ကိုပွတ်လိမ်းကာ မိမိအသုံးပြုနေကျ facial cleanser နှင့် ဆေးကြောသန့်စင်ပေးပါက မျက်နှာပြင်ပေါ်ရှိ ဆဲလ်သေများကို ဖယ်ရှားသန့်စင်ပေးပြီး သန့်ရှင်းလှပတဲ့ မျက်နှာပြင်ကို ရရှိပိုင်ဆိုင်စေမှာ ဖြစ်ပါတယ်။
၂။ မျက်နှာပြင်ရှိ အရေးအကြောင်းများကို လျော့ပါးသက်သာစေလိုပါက ကျိုချက်ပြီးနွားနို့ စားပွဲတင်ဇွန်းတစ်ဇွန်း၊ Lemon Juice လက်ဖက်ရည်ဇွန်းနှစ်ဇွန်းနှင့် ဘရန်ဒီလက်ဖက်ရည်ဇွန်း တစ်ဇွန်းကို နှံ့စပ်အောင်ရောမွှေပြီး မျက်နှာပြင်အနှံ့ (အထူးသဖြင့် အရေးအကြောင်းများရှိနေသော နေရာတစ်ဝိုက်ကို) ပွတ်လိမ်းကာ ့ မခြောက်သွေ့ခင် မျက်နှာကို သန့်စင်အောင် ဆေးကြောပေးပါ။
၃။ မျက်နှာပြင်ပေါ်ရှိ အစက်အပြောက်များကို ဖယ်ရှားသန့်စင်လိုပါက Lemon Juice ကို ရေမြှုပ်ကဲ့သို့ နူးည့ံသည့်အရာဖြင့် မျက်နှာ်ပေါ် ဖြည်းဖြည်းချင်းညင်သာစွာပွတ်တိုက်ပေးကာ နောက် ၁၅ မိနစ်ခန့်ကြာလျှင် ဆေးကြောသန့်စင်နိုင်ပါသည်။
၄။ ဒါ့အပြင် ဖန်ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံပမာဏရှိသောသံလွင်ဆီ (သို့) အယ်လမွန်ဆီကို Lemon Juice နှင့် ရောစပ်ကာ facial exofoliates နှင့် moisturizers အဖြစ် ဖန်တီးနိုင်ပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
YuKi
Health for magazine, March 2015, No.98, Pg.80
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
